မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ သီဟိုဠ်ရှင်စေတီ ဘုရားပွဲတော်ကို အခုနှစ်မှာ ပြန်လည်ကျင်းပနေပြီး အနယ် နယ်အရပ်ရပ်က ဘုရားဖူးလာရောက်သူ များပြားတယ်လို့ သိရပါတယ်။

သီဟိုဠ်ရှင်စေတီ ဘုရားပွဲတော်ကို ဇွန်လ ၃ ရက်ကနေ ဇွန် ၁၂ ရက်အထိ ကျင်းပနေတာဖြစ်ပြီး ကိုဗစ်ကာလကစလို့ ဘုရားပွဲတော် မကျင်းပခဲ့ရာကနေ အခုနှစ်မှ ပြန်လည်ကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။

အခုနှစ် ဘုရားပွဲတော်မှာတော့ ဈေးဆိုင်ခန်းပေါင်း ၃၀ လောက်ရှိပြီး ဘုရားပွဲတော်ကို လာရောက်သူ များပြားတဲ့ အတွက် ဈေးသည်တွေလည်း ဈေးရောင်းကောင်းတယ်လို့ ပခုက္ကူမြို့ခံတစ်ယောက်က ပြောပါတယ်။
ဇွန်လ ၁၀ ရက် နယုန်လပြည့်နေ့မှာတော့ သီဟိုဠ်ရှင်စေတီ ဘုရားပွဲတော်အထိမ်းအမှတ် သံဃာ ၁၅၀၀ ကို ဆွမ်းနဲ့ဆွမ်းဟင်းတွေ လောင်းလှူမှာ ဖြစ်တယ်လို့ သိရပါတယ်။