နှစ်သစ်ကူးရုံးပိတ်ရက်ရှည်မှာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ခရီးသွားဧည့်သည်တွေ လာရောက်လည် ပတ်ဖို့အတွက် ဟိုတယ်အခန်းတွေနဲ့ တည်းခိုရိပ်သာတွေမှာ ကြိုတင်မှာယူမှုတွေ ပြည့်နေတယ်လို့ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံဌာနခွဲ)တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က ပြောပါတယ်။

ဒီဇင်ဘာ ခရစ္စမတ် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွေမှာလည်း ပုဂံဒေသကို ဘုရားဖူးလာရောက်သူ နှစ်သိန်း ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။လာမယ့် ဒီဇင်ဘာ ၂၈ ရက်ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ နှစ်သစ်ကူးရုံးပိတ်ရက်ရှည်အတွက် ပုဂံဒေသ ကို လာရောက်လည်ပတ်ဖို့အတွက် ဟိုတယ်နဲ့ တည်းခိုရိပ်သာတွေမှာ ကြိုတင်အခန်းမှာယူသူတွေနဲ့ ပြည့်နေပြီ ဖြစ်တယ်လို့ ဦးဝင်းအောင်က ပြောပါတယ်။

ပုဂံဒေသမှာ စွယ်တော်လေးဆူနဲ့ အခြားထင်ရှားတဲ့ဘုရားစေတီပေါင်း ၃၀၀၀ ကျော်ရှိတဲ့အတွက် လည်ပတ် စရာနေရာတွေများပြီး ရုံးပိတ်ရက်ရှည်မဟုတ်တဲ့ ပုံမှန်ရက်တွေမှာလည်း ပြည်တွင်း၊ ပြည်ပ ဘုရားဖူးတွေ လာရောက်လည်ပတ်ကြတယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့နှစ်ကထက် အခုနှစ်ဟာ ပုဂံဒေသကို ခရီးသွားဝင်ရောက်မှု ပိုမိုများပြားနိုင်တယ်လို့ ဦးဝင်းအောင်က ဆက်ပြောပါတယ်။

ပုဂံဒေသကိုတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်တာအတွင်းက ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ၅ သန်းကျော် ဝင်ရောက်ခဲ့တယ်လို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (ပုဂံဌာနခွဲ)ကနေ သိရပါတယ်။