ငလျင်ဘေးဒဏ်ကြောင့် ယာယီရပ်နားထားတဲ့ နိုင်ငံကူးလက်မှတ်လျှောက်ထားဖို့ အွန်လိုင်းစနစ်နဲ့ QR Code ရယူတာကို လာမယ့် မေလ ၁ ရက်မှာ ပြန်လည်လျှောက်ထားနိုင်ပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ် ပေးရေးရုံးက သိရပါတယ်။ငလျင်ဘေးဒဏ်ကြောင့် ဆက်သွယ်ရေး တာဝါတိုင်တွေ ပျက်စီးခဲ့တဲ့အတွက် Online Appointment System နဲ့ နိုင်ငံကူးလက်မှတ် လျှောက်ထားတာကို တစ်လနီးပါးကြာ ယာယီရပ်နားခဲ့ရပါတယ်။

အဲဒါကြောင့် ခေတ္တရပ်ဆိုင်း ခဲ့ရတဲ့ Online Appointment System နဲ့ နိုင်ငံကူးလက်မှတ် လျှောက်ထားမှုတွေကို လာမယ့် မေလ ၁ ရက်က စပြီး ပြန်လည်ဖွင့်လှစ်မှာ ဖြစ်တယ်လို့ အသိပေး ပန်ကြားချက်မှာ ဖော်ပြထားပါတယ်။အရင်က QR Code တင်ထားသူတွေဟာ လာမယ့် ဇွန်လထိ ရက်ချိန်းရှိတဲ့အတွက် အဲဒီရက်ချိန်းထိ ရယူထား သူတွေကိုတော့ နိုင်ငံကူးလက်မှတ် ပုံမှန်အတိုင်း ထုတ်ပေးနေပြီး ကျန်းမာရေး/ပညာရေး ကိစ္စနဲ့ အရေးပေါ် နိုင်ငံကူးလက်မှတ် လျှောက်ထားမှုတွေကိုတော့ Green Channel နဲ့ ဆောင်ရွက်ပေးနေတယ်လို့ နစက သတင်း ထုတ်ပြန်ရေးအဖွဲ့က ဖြေကြားထားပါတယ်။

ဒါ့အပြင် ရန်ကုန်၊ မြစ်ကြီးနားနဲ့ လားရှိုးမြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေမှာ နိုင်ငံကူး လက်မှတ် ဆောင်ရွက်ဖို့ Online Appointment Date ရရှိထားသူတွေကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေး Appointment Date တွေ ပြင်ဆင်ထားတဲ့အတွက် ပြန်လည်စိစစ်နိုင်ရေး အသိပေးထားပြီး ပြောင်းလဲ ပြင်ဆင်ထားတဲ့ ရက်တွေ မှာ သက်ဆိုင်ရာ ရုံးတွေအလိုက် နိုင်ငံကူးလက်မှတ် သွားရောက်ပြုလုပ်နိုင်မှာ ဖြစ်တယ်လို့လည်း အသိပေး ပန်ကြားချက်အရ သိရပါတယ်။