ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားကနေ ပတ်စ်ပို့နဲ့ နိုင်ငံကူးသန်းခွင့်ကို ပုံမှန်အတိုင်း ခွင့်ပြုပေးနေတယ်လို့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကနေ သိရပါတယ်။

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ဒါမှမဟုတ် ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို PV အမျိုးအစားပတ်စ်ပို့အပါအဝင် တခြားပတ်စ်ပို့အမျိုးအစားအားလုံးနဲ့ ဝင်ထွက်သွားလာမှုတွေကို ခွင့်ပြုပေးထားပြီး လူမှုကွန်ရက်မှာ သတင်းတွေ ထွက်ပေါ်နေသလို ပတ်စ်ပို့နဲ့ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်တယ်ဆိုတာ မဟုတ်မမှန်ဘူးလို့ ဆိုပါတယ်။ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက်မှာလည်း တာချီလိတ်မြို့၊ မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားကနေ ပုံမှန် အတိုင်း ဖြတ်သန်းသွားလာနေကြတယ်လို့ သိရပါတယ်။