စစ်ကိုင်းမြို့မှာ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ဒေသခံပြည်သူတွေရဲ့ နိုင်ငံသားစိစစ် ရေးကတ်ပြားတွေနဲ့ အိမ်ထောင်စုလူဦးရေစာရင်းတွေကို One Stop Service စနစ်နဲ့ ဆောင်ရွက်ပေးနေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကနေ သိရပါတယ်။လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန စစ်ကိုင်းမြို့နယ်ဦးစီးမှူးရုံးက အခြေခံပညာအထက် တန်းကျောင်းခွဲ(ရန်နိုင်)အတွင်းရှိ ငလျင်ဘေးကယ်ဆယ်ရေးစခန်းမှာ One Stop Service စနစ်နဲ့ ဆောင်ရွက် ပေးနေတာလို့ ဆိုပါတယ်။

အဲဒီလို ဆောင်ရွက်ပေးနေတာတွေကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနဲ့ တာဝန်ရှိသူတွေက မေလ(၁၄)ရက်၊ ညနေပိုင်းမှာ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတွေကို လုပ်ဆောင်ပေးရတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ ရှင်းလင်းပြောကြား ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေနဲ့ အိမ်ထောင်စုလူဦးရေစာရင်းတွေကို ငလျင်ဘေး သင့်ပြည်သူတွေလက်ဝယ်အရောက် ပေးအပ်ခဲ့ကြတယ်လို့ သိရပါတယ်။