Singapore Civil Defence Force/ Operation Lionheart Contingent အဖွဲ့ဟာ လုပ်ငန်းတွေပြီးဆုံးလို့ စင်ကာပူ နိုင်ငံကို ပြန်လည်မထွက်ခွာမီ ဧပြီလ ၆ ရက်က ယူဆောင်လာတဲ့ ရှာဖွေကယ်ရေး လုပ်ငန်းသုံးပစ္စည်း ကိရိယာ တွေထဲက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းကိရိယာ အမျိုးအစား(၁၁)မျိုးကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ မှာ အသုံးပြုနိုင်ဖို့အတွက် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံကို ပေးအပ်လှူဒါန်းခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ပေါ်ခဲ့တဲ့ နေရာတွေကို မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့က သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ ပိုမို အားဖြည့်ဆောင်ရွက်နိုင်ဖို့အတွက် Singapore Civil Defence Force/ Operation Lionheart Contingent အဖွဲ့ဟာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်း ကိရိယာတွေ၊ ရှာဖွေကယ်ဆယ်ရေးခွေးတွေ၊ အဆင့်မြင့် နည်းပညာရပ်သုံး ပစ္စည်းကိရိယာတွေနဲ့အတူ မတ်လ ၂၉ ရက်က မြန်မာနိုင်ငံကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

လှူဒါန်းခဲ့တဲ့ ပစ္စည်းတွေအနေနဲ့ကတော့ Festival dome/shade (၆)လုံး၊ Foldable tables & Benches (၄)လုံး၊ 1-Man Tent (၇၉)လုံးနဲ့ Tent Lights အလုံး(၈၀) ၊ Inflable Pillow အလုံး(၈၀) ၊ Yoga mat အလုံး(၈၀)၊ Slippers အရံ(၅၀)၊ Spray Paint (၁၀)ဘူး၊ Dog Food (၁)ပါကင်၊ 3M Mask အခု(၅၀)၊ Mini Cutter Battery (၁)လုံး၊ Canned Food/ OTG တို့ဖြစ်တယ်လို့ သိရပါတယ်။နေပြည်တော်အတွင်းက မြို့နယ်တွေဖြစ်တဲ့ ပျဉ်းမနားမြို့နဲ့ ပျော်ဘွယ်မြို့တွေမှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေး(အထူး)အဖွဲ့တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ Life Sign Assessment လုပ်ငန်းတွေကို ပူးပေါင်းကူညီဆောင်ရွက် ပေးခဲ့ကြ တယ်လို့ သိရပါတယ်။