ချောင်းသာကမ်းခြေ အပမ်းဖြေစခန်းကို ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းအချို့ ယာယီရပ်နားထားတယ်လို့ ခရီးသွားယာဉ်လိုင်းအချို့ရဲ့ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

ချောင်းသာမှာ ခရီးသွားတွေနည်းသွားသလို ချောင်းသာကိုသွားမယ့် ခရီးသွားအများစုဟာ ခရီးစဉ်ကို ဖျက်သိမ်းတာတွေရှိနေသလို ဟိုတယ်နဲ့တည်းခိုခန်းတွေ ကြိုတင်ဘိုကင်ယူထားတာတွေကို ပယ်ဖျက်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေတွေကြောင့် ချောင်းသာကိုပြေးဆွဲနေတဲ့ ယာဉ်လိုင်းအချို့ ယာယီရပ်နားထားပြီး အခြေအနေ ပေါ်မူတည်ကာ ပြန်လည်ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ ခရီးသွားယာဉ်လိုင်းအချို့ရဲ့ တာဝန်ရှိသူအချို့က ပြောပါတယ်။ ချောင်းသာ အနီးအနားတစ်ဝိုက်က ဒေသခံအချို့လည်း ယာယီပြောင်းရွေ့တာတွေရှိနေတယ်လို့လည်း ဒေသခံ အချို့ဆီကနေ သိရပါတယ်။