ချင်းပြည်နယ်၊ ကလေး-ဟားခါး သွားကားခစျေးနှုန်းတွေဟာ အဆမတန်မြင့်တက်လာတယ်လို့ အဲဒီလမ်းပိုင်းကို အသုံးပြုသွားလာနေတဲ့ ဒေသခံတွေဆီကနေ သိရပါတယ်၊၊

ဖလမ်းမြို့မှာ နယ်မြေမတည်ငြိမ်တဲ့ အခြေအနေတွေနဲ့ စက်သုံးဆီစျေးမြင့်တက်မှုတွေကြောင့် ကလေး-ဟားခါးသွားတဲ့ ယာဉ်စီးခစျေးနှုန်းတွေဟာ အဆမတန် မြင့်တက် လာတာဖြစ်တယ်လို့ ဆိုပါတယ်၊။ကလေး-ဟားခါးသွား ယာဉ်စီးခတွေရဲ့ လတ်တလောဈေးနှုန်းဟာ ငွေကျပ် ၃သိန်းကျော်အထိ ရှိနေပြီး ယာဉ်လိုင်း တွေအနေနဲ့ ပြေးဆွဲပေးတာမျိုးမဟုတ်ဘဲ ပုဂ္ဂလိကယာဉ်တွေကို စုငှားပြီး သွားလာနေရတာဖြစ်တယ်လို့ အဲဒီ လမ်းပိုင်းကို အသုံးပြုသွားလာနေတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်၊၊

ဒါ့အပြင် ကလေး-ဟားခါးသွား ကားလမ်းဟာ လမ်းခရီးကြမ်းတဲ့အတွက် ကားကြီးတွေနဲ့သွားလို့မရဘဲ ကားအသေး တွေနဲ့သာ သွားလို့ရပြီး အခြေခံစားသောက်ကုန် ကုန်စျေးနှုန်းတွေကလည်း စျေးနှုန်းမြင့်တက်နေတယ်လို့ သိရပါတယ်။