လက်ရှိပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်းတွေရဲ့ ကားလက်မှတ်ခဈေးနှုန်းတွေ ဩဂုတ်လ ၁၆ ရက်ကစပြီး အရင်ထက် အနည်းငယ်မြင့်တက်သွားတယ်လို့ ရန်ကုန်အခြေစိုက်ခရီးသည်တင်ယာဉ်လိုင်းတချို့ဆီကနေ သိရပါတယ်၊၊
စက်သုံးဆီအခက်အခဲတွေကြောင့် Expressယာဉ်တွေဟာ ခရီးစဉ်တွေပေါ် မူတည်ပြီး လက်မှတ်စျေးနှုန်းတွေ အရင်ထက် အနည်းငယ်မြင့်တက်သွားတာဖြစ်တယ်လို့ဆိုပါတယ်၊၊

လက်ရှိမှာ ရန်ကုန်-မန္တလေးအသွားအပြန် ကားလက်မှတ်စျေးနှုန်းတွေဟာ ရိုးရိုးကားဆိုရင် ငွေကျပ် ၃ သောင်း ၁ ထောင်ကျပ်၊ အထူးကားဆိုရင် ၄ သောင်းကျပ်ကနေ ၄ သောင်းခွဲအထိ စျေးနှုန်းတွေမြင့်တက်သွားတာဖြစ်ပြီး ယာဉ်လိုင်းတွေအားလုံး စျေးနှုန်းတွေမြင့်တက်သွားတယ်လို့ အဝေးပြေးကားလက်မှတ်အရောင်းဌာနတစ်ခုရဲ့ တာဝန်ရှိ သူတစ်ယောက်က ပြောပါတယ်၊၊
စက်သုံးဆီအခြေအနေပေါ်မူတည်ပြီး ကားလက်မှတ်ခဈေးနှုန်းတွေ အပြောင်းအလဲရှိနိုင်သေးတယ်လို့လည်းသိရပါတယ်။