ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ မတ်လ ၁၂ ရက်၊ ညနေပိုင်းက ခရီးသည်တင်ယာဉ်တစ်စီး အပူလွန်ပြီး ယာဉ် တစ်စီးလုံး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို အမြန်လမ်းမကြီး မီးသတ်တပ်ဖွဲကနေ သိရပါတယ်။အဲဒီ ခရီးသည်တင်ယာဉ်ပေါ်မှာ ခရီးသည်တွေအပါအဝင် စုစုပေါင်း ၁၉ ယောက် လိုက်ပါလာပြီး ရန်ကုန်ကနေ မန္တလေးကို မောင်းလာစဉ် မိုင်တိုင် ၂၁၄ ၊ ၆ ဖာလုံအရောက်မှာ ယာဉ်နောက်ခန်း အင်ဂျင်ကနေ အပူလွန်ပြီး ဝါယာရှော့ ခ် ဖြစ်ကာ မီးလောင်ခဲ့တာလို ဆိုပါတယ်။

မီးလောင်မှုကိုတော့ မီးသတ်တပ်ဖွဲက မီးသတ်ယာဉ် နှစ်စီးနဲ့ ထွက်ခွာငြိမ်းသတ်ခဲ့ပြီး မီးလောင်မှုကြောင့် ယာဉ် မောင်း နဲ့ ခရီးသည်တွေ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလိုလည်း အမြန်လမ်းမကြီး မီးသတ်တပ်ဖွဲကနေ သိရ ပါ တယ်။မီးလောင်မှုကြောင့် ယာဉ်တစ်စီးလုံး နီးပါး မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်မှု နဲ့ပတ်သက်လို ယာဉ်မောင်းဖြစ်သူကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူထားတယ်လိုလည်း သိရပါတယ်။