ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် အပါအဝင် ၃ ဦးကို တာဝန်မှ အနားယူခွင့် ပြုလိုက် ပြီး ပြည်ထောင်စုဝန်ကြီး ၅ ဦးကိုတော့ ခန့်အပ် တာဝန်ပေးလိုက်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ဇန်နဝါရီ ၃၁ ရက်မှာ အမိန့်တွေ ထုတ်ပြန်လိုက်ပါတယ်။

အနားယူခွင့် ပြုလိုက်တဲ့ ပြည်ထောင်စုဝန်ကြီးတွေကတော့ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် နဲ့ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တို့ ဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမောင်မောင်တင့်၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ အားကစား နှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး Jeng Phang နော်တောင်၊ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုး ဝင်း နဲ့ တိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခွန်သန့်ဇော်ထူး တို့ကို ခန့်အပ် တာဝန်ပေးလိုက်တယ်လို့လည်း အမိန့်ထုတ်ပြန်ထားပါတယ်။