မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ စွယ်တော်လေးဆူမှာ တစ်ဆူအပါအဝင်ဖြစ်တဲ့ လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီးရဲ့ (၉၅၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဩဂုတ် ၆ ရက်ကစပြီးကျင်းပနေတယ်လို့ လောကနန္ဒာ စွယ်တော်မြတ်စေတီတော် ဂေါပကအဖွဲ့ကနေ သိရပါတယ်၊၊ အဲဒီပွဲတော်ကို ဩဂုတ်လ ၆ ရက်ကနေ ၁၀ ရက်နေ့အထိ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်တာတွေနဲ့အတူ ကျင်းပသွားမှာဖြစ်တယ်လို့ ဆိုပါတယ်၊၊
လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို စေတီတော်ရင်ပြင်တော်ပေါ်မှာ ပင့်သံဃာအပါး ၁၇၀ ကို ဩဂုတ်လ ၁၂ ရက်နေ့မှာ ဆွမ်းသပိတ်လုံးတွေ လောင်းလှူပူဇော်တာနဲ့ ဆွမ်းကပ်လှူတာတွေကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊

လောကနန္ဒာဗုဒ္ဓပူဇနိယပွဲတော်မှာ ဧရာဝတီမြစ်လယ်ကျွန်းကျေးရွာတွေက လောင်းလှေတွေနဲ့ စေတီတော်ကြီးကို ဦးတိုက်ပူဇော်တာ၊ ခေတ်အဆက်ဆက် လောင်းလှေပြိုင်ပွဲတွေ ထည့်သွင်းကျင်းပခဲ့တဲ့ ပြယုဂ်တွေကို အလှပြသတာနဲ့ အမြို့မြို့အနယ်နယ်က ဆယ့်နှစ်ပွဲစျေးသည်တွေနဲ့ စည်းကားသိုက်မြိုက်စွာကျင်းပသွားမယ်လို့ သိရပါတယ်၊၊