တရုတ်နိုင်ငံက Songshan ရှောင်လင်ဘုန်းတော်ကြီးအဖွဲ့ဟာ ဇန်နဝါရီလ ၂၆ ရက်က ရန်ကုန်မြို့ကနေ ပြန်လည် ထွက်ခွာသွားပါတယ်။ ရှောင်လင်ဘုန်းတော်ကြီးအဖွဲ့ဟာ ဇန်နဝါရီ ၂၃ ရက်၊ မနက်ပိုင်းက ရန်ကုန်မြို့ကို ရောက်ရှိ လာတာဖြစ်ပြီး စုစုပေါင်း ရှောင်လင်ဘုန်းတော်ကြီး ၁၄ ပါး ပါဝင်ပါတယ်။

ရှောင်လင်ဘုန်းတော်ကြီးအဖွဲ့ဟာ ဇန်နဝါရီလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားရုံမှာ ကျင်းပတဲ့ ၂၀၂၅ ခုနှစ် မြွေနှစ် တရုတ်နှစ်သစ်ကူး ပွဲတော်ကို တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမှာ ရှောင်လင်ဘုန်းတော်ကြီးတစ်ပါးက တရုတ်နှစ်သစ်ကူး ဆုတောင်းစကား မိန့်ကြားပြီးနောက် အဖွဲ့ဝင်ဘုန်းတော်ကြီးတွေကလည်း ရှောင်လင်သိုင်းတွေကို သရုပ်ပြခဲ့ကြ ပါတယ်။ ရှောင်လင်ဘုန်းတော်ကြီးအဖွဲ့ဟာ ဇန်နဝါရီ ၂၃ ရက် ညပိုင်းကလည်း ရွှေတိဂုံစေတီတော်ကို သွားရောက်ဖူးမြော်ခဲ့ကြတယ်လို့ သိရပါတယ်။