ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ရွေ့လျားဈေးပွဲတော်(Mobile Market)ကို ဇူလိုင်လ(၁၉) ရက်ကနေ ဇူလိုင်လ (၂၁) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်တယ်လို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကနေ သိရပါတယ်။
အဲဒီပွဲတော်ရက်အတွင်းမှာ JOY BAND နဲ့ DESKS Band တေးဂီတအဖွဲ့တွေရဲ့ဖျော်ဖြေတင်ဆက်မှုတွေ၊ တေး သံရှင်ဖြိုးကျော်ထိုက်ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေ၊ Junior Azalea Star အဖွဲ့က ကလေးငယ်တွေရဲ့ Baby Talent Show တွေ၊ Rose Mary ရဲ့ ဖျော်ဖြေတင်ဆင်မှုတွေနဲ့ joker ရဲ့ ရင်သက်ရှုမောဖွယ် တင်ဆက်မှုတွေ ပါ၀င်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိရစ္ဆာန်လေးတွေရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ထူးခြားချက်လေးတွေနဲ့ အထွေထွေဗဟုသုတတွေကို ဆွေးနွေးပြောကြားပေးမယ့် အစီအစဉ်တွေ၊ ဓာတ်ပုံလှလှလေးတွေ ရိုက်ကူးလို့ရနိုင်မယ့် Photo Booth တွေ၊ ဂိမ်းအစီအစဉ်တွေ၊မျက်လှည့်အစီအစဉ်တွေ၊ ငှက်လိမ္မာလေးတွေနဲ့ ဓာတ်ပုံရိုက်ကူးတာတွေ၊ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပညာပေးပြကွက်တွေနဲ့ ဉာဏ်စမ်းအစီအစဉ်တွေ အပါအဝင် အခြား စိတ်ဝင်စားဖွယ်ရာအစီအစဉ်တွေ များစွာပါဝင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။