ရထားလက်မှတ်တွေကို အွန်လိုင်းကနေ ဝယ်ယူနိုင်တဲ့ အွန်လိုင်းလက်မှတ်နဲ့ ငွေပေးချေမှုစနစ်ရေးဆွဲတည်ဆောက်လုပ်ကိုင်တဲ့လုပ်ငန် းအကောင်အထည်ဖော်ဆောင်ရွက်လိုတဲ့ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သူ Developer တွေကို တင်ဒါခေါ်ယူသွားမယ်လို့ ပို့ဆောင်ရေး နဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာပါတယ်။
အွန်လိုင်းကနေ ရထားလက်မှတ်ဝယ်ယူနိုင်တဲ့ စနစ်ကို ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွေမှာ ကနဦး လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ဖို့ စီစဉ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
နယ်ဝေးရထားလက်မှတ်တွေကို အွန်လိုင်းကနေ ရောင်းချပေးမယ်ဆိုရင် အချိန်ကုန်လူပင်ပန်းမှုကို သက်သာစေ နိုင်ပြီး သတိပြုရမယ့်အချက်ကတော့ ရထားလက်မှတ်တွေကို အွန်လိုင်းကနေ လိမ်လည်ရောင်းချနိုင်တဲ့အတွက် ကြိုတင်ကာကွယ် သတိပြုမှုတွေ လုပ်ဆောင်ထားဖို့ လိုအပ်တယ်လို့လည်း ရထားစီး ပြည်သူတစ်ယောက်က ပြောပါတယ်။
အကောင်အထည်ဖော်ဆောင်ရွက်မယ့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသူတွေအနေနဲ့ မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီ ဖြစ်စေ၊ နိုင်ငံခြားသားပိုင် ကုမ္ပဏီဖြစ်စေ ဖက်စပ်လုပ်ငန်း ဒါမှမဟုတ် လုပ်ငန်းစု ဖွဲ့စည်းပြီး ဝင်ရောက်ယှဉ်ပြိုင် နိုင်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

လုပ်ငန်းအတွက် တင်ဒါစိစစ်ရွေးချယ်မှုကို စိတ်ဝင်စားမှုဖော်ပြချက် (EOI) အဆိုပြုလွှာတင်သွင်းတာ၊ EOI အောင်မြင်သူကို အဆိုပြုလွှာ တောင်းခံခြင်း စတဲ့ အဆင့် (၂) ဆင့်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ။
လုပ်ငန်းအတွက် တင်ဒါစိစစ်ရွေးချယ်မှုကို စိတ်ဝင်စားမှုဖော်ပြချက် (EOI) အဆိုပြုလွှာတင်သွင်းတာ၊ EOI အောင်မြင်သူကို အဆိုပြုလွှာ တောင်းခံခြင်း စတဲ့ အဆင့် (၂) ဆင့်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ။
ပထမအဆင့်အနေနဲ့ ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုတဲ့ ပြည်တွင်း/ပြည်ပကုမ္ပဏီအဖွဲ့အစည်းတွေထံ EOI အဆိုပြုလွှာ တင်သွင်းဖို့ ဖိတ်ခေါ်ထားပါတယ်။
စိတ်ဝင်စားတဲ့ ရင်းနှီးမြှုပ်နှံလိုသူတွေအနေနဲ့ EOI အဆိုပြုလွှာ စာရွက်စာတမ်းတွေကို တစ်စုံ ကျပ် ၃ သိန်းနဲ့ မြန်မာ့မီးရထား၊ ထောက်ပံ့ဌာန၊ ကုန်သည်လမ်း နဲ့ ၅၁ လမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့မှာ ဇူလိုင်လ ၂၂ ရက်နေ့မှ သြဂုတ်လ ၂ ရက်နေ့အတွင်း ဝယ်ယူနိုင်ပြီး စက်တင်ဘာ ၁၆ ရက် နောက်ဆုံးထားပြီး ပြန်လည်တင်သွင်းရမယ်လို့လည်း သိရပါတယ်။