မကွေးမြို့ ကမ်းနားလမ်း ညဈေးတန်း (Super Market) ကို ဇူလိုင်လ ၂၁ ရက်က စတင်ဖွင့်လှစ်လိုက်ပြီး ဒေသခံ ပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိစေမှာ ဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကနေ သိရပါတယ်။
မကွေးမြို့ ညဈေးတန်းမှာတော့ အများပြည်သူတွေ ဝင်ရောက်နိုင်တဲ့ ဥယျာဉ်နဲ့ စိုက်ခင်းတွေ၊ စူပါမားကတ်တွေ၊ Container Bar ငါးလုံး၊ ဘီယာဆိုင်၊ ပြည်တွင်းဆိုင်ခန်းတွေ ထည့်သွင်းတည်ဆောက်ထား တယ်လို့ ဆိုပါတယ်။

အခုလို ညဈေးတန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းနဲ့ လူမှုစီးပွားဘဝတွေ တိုးတက်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။
မကွေးမြို့ ကမ်းနားလမ်း (ညဈေးတန်း)ကို စီမံကိန်းရင်းနှီးမြှုပ်နှံမှုအနေနဲ့ ကျပ်သိန်းပေါင်း တစ်သောင်း ငါးထောင်လောက် ခန့်မှန်းလျာထား ဆောင်ရွက်ခဲ့တာဖြစ်ပြီး ပြည်သူတွေအနေနဲ့ ဧရာဝတီမြစ်ကြောင်းက လာတဲ့ လေကောင်းလေသန့်ကို ခံစားရင်း အပန်းဖြေအနားယူ စားသောက်နိုင်ရေးအတွက် ဈေးဆိုင်ခန်းတွေနဲ့ ဖွင့်လှစ်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။