မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ရှေးဟောင်းသမိုင်းဝင် မြသလွန်စေတီတော်မြတ်ကြီးရဲ့ (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို လာမယ့်အောက်တိုဘာ ၁၂ ရက်ကစပြီး ကျင်းပသွားမယ်လို့မြသလွန်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကနေသိရပါတယ်။
ဗုဒ္ဓပူဇနိယပွဲတော်ကိုတော့ လာမယ့်အောက်တိုဘာ ၁၂ ရက်မှ ၃၁ ရက်အထိ ရက် ၂၀ ကြာ ကျင်းပသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ ပွဲတော်မှာတော့ ဈေးဆိုင်ခန်းတွေ၊ ဖျော်ဖြေရေးအစီအစဉ်တွေ ပါဝင်မှာဖြစ်တဲ့အတွက် ဈေးရောင်းချလိုသူတွေနဲ့ ဇာတ်၊ အငြိမ့်၊ ဘား ဆပ်ကပ်တင်ဆက်ကပြလိုသူတွေအနေနဲ့ စက်တင်ဘာ ၁၅ ရက် နောက်ဆုံးထားပြီး မြသလွန်စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကို ဆက်သွယ်ဖို့အသိပေးကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတော့ မြသလွန်စေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို အောက်တိုဘာ ၂၄ ရက်ကနေ နိုဝင်ဘာ ၁၂ ရက်အထိကျင်းပခဲ့ပြီး အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူတွေ လာရောက်ခဲ့တယ်လို့သိရပါတယ်။