နာဂဒေသကို အေးချမ်းတဲ့၊ ငြိမ်းချမ်းတဲ့ဒေသအဖြစ် အမြဲထိန်းသိမ်းထားဖို့လိုအပ်တယ်လို့ နစကအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောပါတယ်။

ဇန်နဝါရီ ၁၅ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့မှာကျင်းပခဲ့တဲ့ ၂၀၂၅ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်မှာ ဗိုလ်ချုပ်ကြီးမောင်မောင်အေးက အခုလို ပြောကြားခဲ့တာပါ။နာဂလူမျိုးတွေ၊ ဒေသတွင်းမှာနေတဲ့ တခြားတိုင်းရင်းသားလူမျိုးတွေအနေနဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်တွေ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေအောင် ဆောင်ရွက်ဖို့နဲ့ အလုပ်ကို ကြိုးစားလုပ်ကိုင်ကြဖို့ လည်း ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ် ၅ ဘီလီယံကို နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းမှာရှိတဲ့ မြို့နယ်သုံးမြို့နယ်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကုန်ထုတ်လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ထုတ်ချေးပေးခဲ့ပြီး လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ အကျိုးရှိရှိ အကောင်အထည် ဖော်ရမယ်လို့လည်း ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောကြားခဲ့ပါတယ်။