ဧရာဝတီတိုင်း၌ ရေဘေးသင့်ပြည်သူများကို WFP ထောက်ပံ့
ဧရာဝတီတိုင်းဒေသကြီးမှာ လတ်တလောရေကြီးရေလျှံမှုတွေကြောင့် ရေဘေးသင့်မိသားစုတွေအတွက် စားနပ်ရိက္ခာအကူအညီတွေ စတင်ပေးဝေနေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်(WFP)က ဩဂုတ် ၂၆ ရက်ကထုတ်ပြန်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာ ရေလွှမ်းမိုးခံရတဲ့နေရာတွေမှာ လူဦးရေငါးသိန်းလောက် နေထိုင်တယ်လို့ ခန့်မှန်းရပြီးရေဘေးသင့်ပြည်သူ သုံးသောင်းခွဲလောက်အတွက် ဆန်နဲ့အားဖြည့်ဘီစကစ်တွေထောက်ပံ့သွားဖို့ စီစဉ်ထားတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီးလို့တင်စားကြတဲ့ ဧရာဝတီတိုင်းဒေသကြီးဟာ ...