တောင်ပုလသို့ဘုရားဖူးလာရောက်မှု လေးနှစ်အတွင်းအနည်းဆုံးဖြစ်
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ တောင်ပုလတောင်တော်ကို လက်ရှိနယ်မြေအခြေအနေအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဘုရားလာရောက်သူလျော့နည်းသွားပြီး (၄)နှစ်တာကာလအတွင်း အနည်းဆုံးဖြစ် တယ်လို့ တောင်ပုလဆရာတော်အရှင်ပညာဘောဂ က မိန့်ပါတယ်။ အရင်ကတစ်ရက်ကိုဘုရားဖူးလာရောက်သူဦးရေဟာ (၇၀၀)ကနေ(၁၀၀၀)ကြားလောက်ရှိခဲ့ပြီး လတ်တလော မှာတော့(၁၀)ရာခိုင်နှုန်းလောက်သာရှိတော့တယ်လို့မိန့်ပါတယ်။အရင်က တောင်ပုလတောင်တော်ကို ပြည်တွင်း/ပြည်ပကနေ ဘုရားဖူးလာရောက်သူတွေ၊ တိမ်ပင်လယ်ကြည့်ရှု့ ...