ထိုင်ဝမ်အားနိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုခြင်းမရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော
မြန်မာနိုင်ငံဟာ ထိုင်ဝမ်နဲ့ သံတမန်အဆက်အသွယ်မရှိသလို နိုင်ငံတစ်ခုအဖြစ်လည်း အသိအမှတ်ပြုခြင်းမရှိဘူးလို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်လျုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်ဝမ်သမ္မတသစ် လိုင်ချင်းတယ် ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့အပေါ် မြန်မာနိုင်ငံရဲ့သဘောထားရပ်တည်ချက်နဲ့ပတ်သက်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောကြားလိုက်တာပါ။ မြန်မာနိုင်ငံဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ပေါ်ပေါက်လာကတည်းက လက်ရှိအချိန်ထိ တရုတ်တစ်နိုင်ငံတည်းမူဝါဒအပေါ် ခိုင်မာစွာရပ်တည်ပြီး ...