ဆွန်ဟောင်မင်ကို စပါးအသင်း စာချုပ်သက်တမ်းတိုး
စပါးအသင်းဟာ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကို (၂၀၂၆)ခုနှစ်အထိ စာချုပ်သက်တမ်း တိုးနိုင်ခဲ့ပြီလို့ ဇန်နဝါရီလ(၇)ရက်နေ့မှာ ပရိသတ်တွေကို တရားဝင်ကြေညာခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ စပါးအသင်းနဲ့ အခုဘောလုံးရာသီအပြီးမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပေမယ့် စာချုပ်ထဲမှာ (၁)နှစ်သက်တမ်းတိုးခွင့် ပါရှိတာကြောင့် စပါးအသင်းဘက်က စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ...