PV ပတ်စ်ပို့ကိုင်ဆောင်သူအချို့ အချက်အလက်မစုံ၍ ပြန်လွှတ်ဟုဆို
ပြည်ပနိုင်ငံတွေကို အလည်အပတ် PV နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူအချို့ ပြည်ပထွက်ခွာခွင့်မရဘဲ ပြန်လွှတ်ခံရတယ်ဆိုတာ အချက်အလက်မပြည့်စုံတာတွေကြောင့် ဖြစ်တယ်လို့ ပြည်တွင်း/ပြည်ပ လေယာဉ်လက်မှတ်အရောင်းဌာနတွေဆီကသိရပါတယ်။ လတ်တလောမှာတော့ PV နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ လူငယ်အချို့ဟာ ပြည်ပထွက်ခွာရာမှာ အချက်အလက်တချို့ မပြည့်စုံတာကြောင့် ပြန်လွှတ်တာမျိုးသာဖြစ်ပြီး ပြည်ပထွက်ခွာခွင့် ပိတ်ပင်တာမျိုးတော့မရှိဘူးလို့ဆိုပါတယ်။ ...