မြိတ်မြို့တွင် မီးလောင်မှုနှစ်ကြိမ်ဖြစ်ပြီး တစ်ဦးသေဆုံး
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ ဇန်နဝါရီ၁၈ရက်က တစ်ရက်တည်းမီးလောင်မှုနှစ်ကြိမ်ဖြစ်ပြီး လူတစ်ယောက်သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ မြိတ်မြို့၊ အလယ်ကျွန်းရပ်ကွက်၊မင်္ဂလာလမ်းသွယ်မှာရှိတဲ့နေအိမ်တစ်အိမ်မှာ ဇန်နဝါရီ၁၈ရက်၊ မနက်၃နာရီ ၃၅မိနစ်ဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး မြိတ်ခရိုင်မီးသတ်စခန်းက မီးသတ်ယာဉ်၁စီး၊ ရေသယ်ယာဉ်၁စီးတို့နဲ့ ငြှိမ်းသတ်ခဲ့ရာမှာ မနက်၄နာရီမှာ မီးငြိမ်းသွားတယ်လို့ ဆိုပါတယ်။အဲ့ဒီမီးလောင်မှုကြောင့် ...