ကောက်ပဲသီးနှံစိုက်ပျိုးထုတ်လုပ်မှု၌ ပါဝင်သူများကို MRF ကူညီမည်
ငလျင်ဘေးဒဏ်သင့်ဒေသတွေမှာရှိတဲ့ ဆန်စပါးနဲ့ ကောက်ပဲသီးနှံစိုက်ပျိုးထုတ်လုပ်ရောင်းချမှု ကွင်းဆက်မှာ ပါဝင်တဲ့ အစုအဖွဲ့တွေရဲ့ လိုအပ်ချက်တွေကို စိစစ်ပြီး သင့်တင့်မျှတတဲ့ အကူအညီတွေ ထောက်ပံ့ပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က ထုတ်ပြန်ပါတယ်။MRF အနေနဲ့ ငလျင်ဒဏ်သင့်ဒေသတွေမှာ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေရာကနေ မေလ ၁ ရက်ကစပြီး ...