မြန်မာတွင် စာနာမှုအကူအညီ ဖြည့်ဆည်းပေးရန် လိုအပ်
မြန်မာနိုင်ငံမှာ များပြားလာနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေကို အဆောတလျင်ဖြည့်ဆည်းဆောင်ရွက်ပေးဖို့လိုအပ်နေတယ်လို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)ဥက္ကဋ္ဌမစ္စမာဂျင်နာစပေါ့ဂျာရစ်ကပြောပါတယ်။ စက်တင်ဘာ ၅ ရက်ကနေ ၉ ရက်အထိ မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက် လို့ ICRC ဥက္ကဋ္ဌမစ္စမာဂျင်နာစပေါ့ဂျာရစ်ရဲ့ပြောဆိုချက်ကို ICRC က စက်တင်ဘာ ၁၀ ရက်ရက်စွဲနဲ့ ထုတ်ပြန်ထားတာပါ။ ...