သူငယ်ချင်း၊ အပေါင်းအသင်း နှင့် မိတ်ဆွေ
မိမိတို့မှာအပေါင်းအသင်းနှင့်နေထိုင်တတ်ကြသောသူများဖြစ်ကြသည်။မိမိတို့ကျင်လည်ခဲ့ရာကျောင်းစာသင်ခန်းများ၊ အရွယ်ရောက်ပြီးနောက်လှုပ်ရှားကျင်လည်ခဲ့ရသောလူမှုရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ် စ သည့် နယ်ပယ်အသီးသီးတွင် သူငယ်ချင်း၊အပေါင်းအသင်းနှင့်မိတ်ဆွေများကိုကြုံတွေ့ခဲ့ရသည်။ကျောင်းနေစဉ် ငယ် ရွယ်စဉ်ကပေါင်းသင်းခဲ့ရသူများကတော့အရင်းနှီးဆုံးသူငယ်ချင်းများပင်ဖြစ်ကြသည်။အရွယ်ရလာပြီးစီးပွား ရေး၊ လူမှုရေးနယ်ပယ်များတွင်ကျင်လည်ခဲ့ရသည့်အခါများတွင်လည်းမိမိကျင်လည်ရာပတ်ဝန်းကျင်နှင့်လိုက် လျော ညီထွေရှိသည့်အပေါင်းအသင်းများကြုံတွေ့ခဲ့ရ၊ပေါင်းဆုံခဲ့ရပြန်သည်။မိမိအနေဖြင့်တွေ့ကြုံပေါင်းသင်းခဲ့ရ သောသူ ငယ်ချင်းများ၊အပေါင်းအသင်းများထဲမှမိတ်ဆွေများကိုရှာကြည့်ဖြစ်မိသည်။ပြောရမည်ဆိုပါကငယ်သူ ငယ်ချင်း များ၊အပေါင်းအသင်းများအားလုံးကိုမိတ်ဆွေဟူ၍ခြုံငုံပြောဆိုလျှင်ရနိုင်သည်။အကြောင်းတိုက်ဆိုင်၍မိ မိနှင့်အတူရှိနေသည့် သူငယ်ချင်းတစ်ဦး၊အပေါင်းအသင်းတစ်ဦးကို အခြားသူတစ်ဦးနှင့်မိတ်ဆက်ပေးသည့် ...