မေဆန်မောင့်ကို အထူးကုနှင့်ပြသရန်လိုအပ်ဟု အမ်မိုရင် ပြော
ကွင်းလယ်ကစားသမား မေဆန်မောင့်ရဲ့ ကြွက်သားဒဏ်ရာကို အထူးကုနဲ့ပြသဖို့ စီစဉ်ထားတယ်လို့ မန်ယူနည်းပြ အမ်မိုရင်က ပြောကြားလိုက်ပါတယ်။ အင်္ဂလန်ကွင်းလယ်လူ မေဆန်မောင့်ဟာ မန်ချက်စတာဒါဘီပွဲထွက် လူစာရင်းမှာ ပါဝင်လာခဲ့ပေမယ့် ပွဲအစပိုင်း ၁၄ မိနစ်မှာပဲ ကြွက်သားဒဏ်ရာရခဲ့ပြီး ကိုဘီမိုင်နူးနဲ့ လူစားလဲခံလိုက် ရတာဖြစ်ပါတယ်။ ...