EV စွန့်ပစ်ဘက်ထရီများ တင်သွင်းမှုမလုပ်ရန် တားမြစ်
လျှပ်စစ်သုံးယာဉ် စွန့်ပစ်ဘက်ထရီတွေနဲ့ အခြားစွန့်ပစ်ပစ္စည်းတွေကို တင်သွင်းတာမပြုလုပ်ဖို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်ထားပါတယ်။ စွန့်ပစ်ဘက်ထရီတွေနဲ့ အခြားစွန့်ပစ်ပစ္စည်းတွေကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေဖို့နဲ့ သက်ရှိသတ္တဝါတို့ရဲ့ ကျန်းမာ ရေးအပေါ် ဆိုးကျိုးသက်ရောက်မှုတွေမရှိစေဖို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၄၂ ၊ ပုဒ်မခွဲ(ခ)အရ အခုလို ညွှန်ကြားချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ...