EV ယာဉ်သွင်းသူများ ခြံအကျယ် ၁၀၀၀၀ စတုရန်းပေ ရှိရမည်
လျှပ်စစ်သုံးယာဉ်တင်သွင်းသူတွေအနေနဲ့ အရောင်းပြခန်းဖွင့်လှစ်ဖို့အတွက် အနိမ့်ဆုံးစံသတ်မှတ်ချက်အနေနဲ့ ခြံအကျယ်အဝန်း စတုရန်းပေတစ်သောင်းရှိရမယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ခြံအကျယ်အဝန်း စတုရန်းပေတစ်သောင်းမှာ အရောင်းပြခန်း ၊ Service Center ဧရိယာနဲ့ ဧည့်နားနေခန်းရဲ့ စုစုပေါင်းဧရိယာက ၅,၀၀၀ စတုရန်းပေ ရှိရမှာဖြစ်ပြီး သိုလှောင်ရုံအကျယ်အဝန်းရဲ့ အနိမ့်ဆုံး ...