ရန်ကုန်တွင်ခရိုင်အလိုက် လျှပ်စစ်ဓာတ်အားထူးခြားမှုဖြစ်စဉ်များအား အချိန်နှင့်တပြေးညီဖြေရှင်းနိုင်ရန် ခရိုင်ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းထား
ရန်ကုန်တိုင်းဒေသကြီးအတွင်းက ခရိုင်၁၄ခရိုင်မှာ လျှပ်စစ်ဓာတ်အားရရှိ/သုံးစွဲ/ပြတ်တောက်မှုတွေ၊ ထူးခြားဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး အချိန်နဲ့တပြေးညီ ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက် ခရိုင်ကြီးကြပ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားတယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဖြေကြားထားပါတယ်။ တာဝန်ကျဖြေရှင်းဆောင်ရွက်မယ့်အဖွဲ့တွေအနေနဲ့ မီဒီယာကဖြစ်စေ၊မီးသုံးစွဲတဲ့ ပြည်သူတွေကဖြစ်စေ တိုင်ကြားချက်တွေကို ဖြေရှင်းဆောင်ရွက်ဖို့အတွက် လိုအပ်တဲ့အင်အား၊ ယာဉ်ယန္တရားပစ္စည်းတွေကို ကြိုတင်စုဖွဲ့ထားရှိပြီး တိုင်ကြားချက်ရှိတာနဲ့ အမြန်ဆုံးသွားရောက်ဖြေရှင်းဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ...