မုံရွာတွင် ဓားပြများအချင်းချင်း ဝေစုမပေးလို၍ သက်ဆိုင်ရာကိုသတင်းပေးမှုကြောင့် ဖမ်းမိ
မုံရွာမြို့ပေါ် ရပ်ကွက်တွေမှာ ဓားပြမှုကျူးလွန်ခဲ့သူတွေက အချင်းချင်း ဝေစုမပေးလိုတဲ့အတွက် သက်ဆိုင်ရာကို သတင်းပေးမှုကြောင့် ဓားပြမှုတွေကျူးလွန်ရာမှာပါတဲ့သူတွေထဲက အမျိုးသား၂ယောက်နဲ့ အမျိုးသမီး၁ယောက်တို့ကို ဇန်နဝါရီ၃၁ရက်က မုံရွာမြို့၊ ပြည်တော်သာရပ်ကွက်မှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းမိသူတွေရဲ့ ထွက်ဆိုချက်အရ သူတို့၃ယောက်နဲ့အတူ ယင်းမာပင်မြို့နယ်၊ လယ်မှောက်ကျေးရွာကအမျိုးသား၂ယောက် ...