မကွေး၌ နွားရှားလာပြီး ဝယ်လိုအားများနေ
မကွေးမြို့နယ်အတွင်းမှာ နွားတွေရှားပါးလာပြီး ဝယ်လိုအားများနေတယ်လို့ နွားအရောင်းအဝယ် လုပ်ကိုင်သူတွေဆီကနေ သိရပါတယ်။မြို့နယ်အတွင်း ကျေးရွာတွေမှာ နွားတွေကိုတစ်ပိုင်တနိုင်စနစ်နဲ့မွေးမြူကြပြီး စားကျက်မြေခက်ခဲမှု၊ လုပ်သားရှားပါးမှုတွေကြောင့် ခြံစနစ်နဲ့မွေးမြူသူတွေက မရှိသလောက်နည်းပါးသွားပြီဖြစ်တယ်လို့ဆိုပါတယ်။ တစ်ပိုင်တနိုင်စနစ်နဲ့မွေးမြူရာမှာလည်း လုပ်ငန်းခွင်အသုံးပြုလို့ရတဲ့ ဒေသမျိုးစိတ်တွေကိုသာ မွေးမြူကြတာဖြစ်ပါတယ်။မကွေးနွားဈေးကွက်မှာတော့ ဝယ်ချင်တဲ့သူများနေပေမယ့် ရောင်းတဲ့သူရှားတယ်လို့ မကွေးမြို့နယ် အိုင်ကြီးကုန်း ...