အငှားထွက်ကစားခွင့်ပြုရန် ချီယေဆာ တောင်းဆို
လီဗာပူးအသင်းရဲ့ အီတလီတောင်ပံကစားသမား ချီယေဆာက အသင်းမှာပွဲထွက်ကစားခွင့်ရဖို့အတွက် ရုန်းကန် နေခဲ့ရတာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့မှာ အငှားထွက်ခွင့်ပြုဖို့ လီဗာပူးအသင်းကို တောင်းဆိုခဲ့တယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ကြပါတယ်။ ချီယေဆာဟာ ဂျူဗင်တပ်အသင်းကနေ လီဗာပူးအသင်းကို အခုဘောလုံး ရာသီအစမှာမှ ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့် အရန်ကစားသမားအဖြစ်နဲ့သာ ကစားနေခဲ့ရတာပါ။ ...