ဘန်ကောက်တွင်အရေးပေါ်ဆင်းသက်ခဲ့ရသည့် စင်ကာပူလေယာဉ်မှ ခရီးသည်တစ်ဦးသေဆုံး
လန်ဒန်မြို့ ဟီးသရိုးလေဆိပ်ကနေ စင်ကာပူနိုင်ငံကိုပျံသန်းလာတဲ့ စင်ကာပူလေကြောင်းလိုင်းက လေယာဉ်ခရီးစဉ်အမှတ် SQ321ဟာ ထွက်ခွာပြီး ၁၀နာရီအကြာမှာ ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိလေဆိပ်ကို မေလ၂၁ရက်၊ ဒေသစံတော်ချိန် ညနေ၃နာရီ၄၅မိနစ် အရေးပေါ်ဆင်းသက်ခဲ့ရပြီး ခရီးသည်တစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ စင်ကာပူလေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။ ...