ပြည်တွင်းရေးချောမွေ့ရန် အပြုသဘောပူးပေါင်းသင့်ဟုဆို
ပြည်တွင်းရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ ချောမွေ့စေရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးက အပြုသဘောနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၅၇)နှစ်မြောက်အာဆီယံနှစ်ပတ်လည်နေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဟာ အာဆီယံပဋိညာဉ်စာတမ်းနဲ့အညီ အာဆီယံအသိုက်အဝန်းတည်ထောင်မှုလုပ်ငန်းစဉ်တွေမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးနဲ့အတူတကွ တက်ကြွစွာ ...