ဒဏ်ရာကြောင့် အာရူဂျို (၄)လခန့် နားရဖွယ်ရှိ
ဘာစီလိုနာအသင်းရဲ့ ဥရုဂွေးနောက်ခံလူ အာရူဂျိုဟာ ဘရာဇီးကို အနိုင်ရခဲ့တဲ့ (၂၀၂၄)ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ရခဲ့တဲ့ဒဏ်ရာကြောင့် (၄)လခန့် အနားယူရဖွယ်ရှိတယ်လို့ သိရပါတယ်။ အာရူဂျိုဟာ ဘရာဇီးအသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်ရဲ့ ပွဲချိန်(၃၃)မိနစ်မှာတင် တံကောက်ကြော ဒဏ်ရာရခဲ့တာကြောင့် လူစားလဲ ခံခဲ့ရပြီး ဥရုဂွေးအသင်းရဲ့လက်ကျန်ပွဲစဉ်တွေကို လွဲချော်ခဲ့ရတာပါ။ ...