မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြအဖြစ် လက်ရွေးစင်ဟောင်းဦးမျိုးလှိုင်ဝင်းကို ခန့်အပ်
လစ်လပ်နေတဲ့မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းနည်းပြနေရာမှာ လက်ရွေးစင်ဟောင်း ဦးမျိုးလှိုင်ဝင်းကို ခန့်အပ်လိုက်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကကြေညာပါတယ်။ ဂျာမန်လူမျိုးနည်းပြမိုက်ကယ်ဖိုင်တန်ဘိုင်နာနဲ့လမ်းခွဲထားတဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ အများထင်ကြေးပေးနေသလို နိုင်ငံခြားသားနည်းပြထပ်မခန့်ဘဲ လက်ရွေးစင်ဟောင်းတစ်ယောက်ဖြစ်တဲ့ ဦးမျိုးလှိုင်ဝင်းကိုခန့်အပ်လိုက်တာပါ။ ဦးမျိုးလှိုင်ဝင်းရဲ့စာချုပ်သက်တမ်းကိုတော့ ဖော်ပြထားတာမရှိပေမယ့် ၂၀၂၄-၂၅ခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲတွေကစားဖို့ရှိနေတဲ့မြန်မာအသင်းကို ဦးဆောင်သွားရမှာဖြစ်တယ်လို့ဆိုပါတယ်။ ဦးမျိုးလှိုင်ဝင်းရဲ့ ဦးဆောင်မှုနဲ့ နည်းပြ/အုပ်ချုပ်အဖွဲ့တွေ ဖွဲ့စည်းပြီးသွားရင် ...