ဥရုဂွေး-ကိုလံဘီယာပွဲအပြီး ဖြစ်ရပ်စုံစမ်းမည်
ကိုပါအမေရိက ဖလာပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဥရုဂွေး-ကိုလံဘီယာပွဲစဉ်အပြီး ဖြစ်ရပ်နဲ့ ပတ်သက် လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမယ်လို့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။ ကိုလံဘီယာအသင်းက ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲအပြီး ကိုလံဘီယာအသင်းပရိသတ်တွေနဲ့ ဥရုဂွေးကစားသမား တွေအကြား ပွဲကြည့်စင်ပေါ်မှာ ခိုက်ရန်ဖြစ်ပွားခဲ့တာပါ။ ...