မကွေးအိမ်ငှားစျေးကွက် ငှားရမ်းသူများ၍ စျေးမြင့်တက်
မကွေးမြို့မှာ အိမ်ငှားနေထိုင်သူတွေ များလာတဲ့အတွက် အိမ်ငှားစျေးကွက်မှာ ဈေးမြင့်တက်နေတယ်လို့ မကွေး တိုင်း အိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးကျော်မျိုးသူက ပြောပါတယ်။ မကွေးမြို့ပေါ်မှာ တခြားအရပ်ဒေသ ကနေ လာရောက်ငှားရမ်းနေထိုင်တာတွေရှိသလို စီးပွားရေးလုပ်ဖို့ ငှားရမ်းတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ မကွေးမြို့မှာ ငှားရမ်းနေထိုင်မှု ...