အိမ်ခြံမြေဝန်ဆောင်မှုဥပဒေပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းသင့်
အိမ်ခြံမြေဝန်ဆောင်မှုဥပဒေတစ်ခုအတည်ပြုပြဋ္ဌာန်းနိုင်ဖို့ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းလုပ်ဆောင်နေတဲ့ မျိုးဆက်သစ် လူငယ်လေးတွေက ဆက်ပြီးကြိုးပမ်းသင့်တယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဦးသန်းဦးကပြောပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလ(၂၈)ရက်က ဆီးဒိုးနားဟိုတယ်မှာကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)ရဲ့ နှစ်ပတ်လည်အထွေထွေအစည်းအဝေးနဲ့ အသင်းသားစုံညီအစည်းအဝေးအတွင်း အဖွင့်မိန့်ခွန်းစကားပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေအတည်ပြုရေးအတွက် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကစပြီး ကြိုးပမ်းလာတာဖြစ်ပြီး မူကြမ်းကို ...