အာဆီယံပေးပို့မည့် အကူအညီအချို့ ရောက်မည်
အာဆီယံကပေးပို့မယ့် လူသားချင်းစာနာမှုအကူအညီတချို့ ရောက်ရှိတော့မှာဖြစ်တယ်လို့ နစကဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောပါတယ်။ စက်တင်ဘာ ၁၆ ရက်က ပြုလုပ်တဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောကြားခဲ့တာပါ။ နိုင်ငံတကာအကူအညီအနေနဲ့ မြန်မာနိုင်ငံအပေါ် နှောင်ကြိုးမဲ့ဆောင်ရွက်ကူညီခဲ့မှုတွေရှိပြီး အခုလည်းအာဆီယံကပေးပို့မယ့်လူသားချင်းစာနာမှုအကူအညီတချို့ ရောက်ရှိတော့မှာဖြစ်တယ်လို့ဆိုပါတယ်။ အာဆီယံ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာန ...