အာဆီယံပဋိညာဉ်နှင့်အညီ ပူးပေါင်းဆောင်ရွက်မည်
အာဆီယံအဖွဲ့အတွင်း အာဆီယံစိတ်ဓာတ်အပြည့်နဲ့ အာဆီယံပဋိညာဉ်တွေနဲ့အညီ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် (၁၈)ကြိမ်မြောက်အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေးကိုတက်ရောက်မယ့် အာဆီယံရေတပ်အကြီးအကဲတွေနဲ့ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တွေက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ အောက်တိုဘာ ၁၀ ရက်က နေပြည်တော်မှာလာရောက်ဂါရဝပြုတွေ့ဆုံရာမှာ ပြောကြားခဲ့တာပါ။ မြန်မာနိုင်ငံအနေနဲ့ ...