လီဗာပူးကို ဖိအားပေးသွားမည်ဟု ဒစ်ကလန်ရိုက်စ် ပြော
မန်စီးတီးအသင်းကို ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုပြေးပွဲမှာ လီဗာပူးအသင်းကို ဖိအားလိုက်ပေးသွားမယ်လို့ အာဆင်နယ်ကွင်းလယ်လူ ဒစ်ကလန်ရိုက်စ်က ပြောကြားလိုက် ပါတယ်။ ဒစ်ကလန်ရိုက်စ်ဟာ မန်စီးတီးအသင်းကို အနိုင်ရတဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ် ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ...