အသည်းရောင်အသားဝါ(A) ကပ်အသွင်ဖြစ်နိုင်၍ ကာကွယ်ရန်လို
အသည်းရောင်အသားဝါ(အေ)ရောဂါဟာ အသည်းရောင်အသားဝါဗိုင်းရပ်စ်(အေ)ရောဂါပိုးကြောင့် ဖြစ်ပွားပြီး အလွယ်တကူ ကူးစက်တတ်စေသလို ကပ်ရောဂါအသွင်လည်း ဖြစ်ပွားနိုင်တဲ့အတွက် ကြိုတင်ကာကွယ်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။အသည်းရောင်အသားဝါ(အေ)ရောဂါဟာ အသက်အရွယ်မရွေး ဖြစ်ပွားလေ့ပြီး အထူးသဖြင့် ကလေးငယ်တွေမှာ ပိုအဖြစ်များတယ်လို့ ဆိုပါတယ်။ ရောဂါကူးစက်နိုင်တဲ့နည်းလမ်းတွေကတော့ ရောဂါပိုးရှိသူ ...