အသက်ရာပြည့်ကန်တော့ပွဲနှင့်ဓမ္မပူဇာစာပေဆုချီးမြှင့်ပွဲ ကျင်းပ
စာရေးဆရာကြီးဦးလေးမြိုင်ရဲ့အသက်(၁၀၀)ပြည့်ဂုဏ်ပြုကန်တော့ပွဲ၊ လေးမြိုင်ဓမ္မပူဇာစာပေဆုရရှိတဲ့ ဆရာတော်တွေကို ဆုတွေဆက်ကပ်လှူဒါန်းပွဲနဲ့ ပိုသူလှူလိုသူယူ စာအုပ်လှူဒါန်းပွဲအခမ်းအနားတွေကို စက်တင်ဘာလ(၂၁)ရက်မနက်ပိုင်းက မြောက်ဥက္ကလာမြို့နယ်၊ မယ်လမုဘုရားဝင်းအတွင်းရှိ ဓမ္မာရုံမှာကျင်းပခဲ့ပါတယ်။ လေးမြိုင်ဓမ္မပူဇာစာပေဆုချီးမြှင့်လာတာဟာ အခုဆိုရင် ဒသမအကြိမ်မြောက်အထိရောက်လာပြီဖြစ်တယ်လို့ သိရပါတယ်။ အခုနှစ်မှာ ဓမ္မပူဇာစာပေဆုအဖြစ် အရှင်ဓမ္မိက(လောင်းလုံး)ရဲ့ အမေဝမ်းမြောက်ပါလေတော့ဝတ္တုတိုစုစာအုပ်၊ အရှင်ရေဝတ(သာသနာ့ပျိုးခင်း)ရဲ့စာသင်သားတို့၏ဘဝနှင့်အားမာန်(၂)စာအုပ်နဲ့ အရှင်အဘယာလင်္ကာရ(မဟာဝိဟာရပါသီ)ရဲ့လူငယ်များနှင့်မေးကြဖြေကြ ...