အလိုတော်ပြည့်ကျောင်းတိုက်၌ စားသောက်ကုန်များ လှူဒါန်း
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ ရန်ကုန်အလိုတော်ပြည့်ကျောင်းတိုက်မှာ တပို့တွဲလပြည့်နေ့ဖြစ်တဲ့ ဖေဖေါ်ဝါရီ(၁၂)ရက်နေ့က သံဃာတော်တွေနဲ့ သီလရှင်တွေ၊ အနှေးယာဉ်မောင်းလုပ်သားတွေနဲ့ အခြေခံအိမ် ထောင်စုတွေကို စားသောက်ကုန်တွေ လှူဒါန်းခဲ့ပါတယ်။ အလိုတော်ပြည့်ဆရာတော်ကြီးကို ဦးထိပ်ထားပြီး ရန်ကုန်အလိုတော်ပြည့်ကျောင်းတိုက်ဆရာတော် အသျှင်ကုမာရ ဦးဆောင်ကာ အနုပညာရှင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ ...