ဂွမြို့နယ်၌ အရေပြားရောဂါဖြစ်သူ ၃၇၀၀ ကျော်ထိရှိလာ
ရခိုင်ပြည်နယ်အတွင်းက ဂွမြို့နယ်မှာအရေပြားရောဂါဖြစ်ပွားသူ (၃၇၀၀)ကျော်အထိ ရှိလာတယ်လို့ ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ကနေ သိရပါတယ်။ အရေပြားရောဂါဖြစ်ပွားနေသူတွေကို တိုက်ပွဲရှောင်ကူညီရေးအဖွဲ့နဲ့ ကျန်းမာရေးဝန်ထမ်းတွေက ပူးပေါင်းပြီး ဆေးဝါးတွေ ထောက်ပံ့ကူညီတာနဲ့ကွင်းဆင်းစစ်တမ်းကောက်ယူတာတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်အထိ မြေပြင်စာရင်းကွင်းဆင်းကောက်ယူထားချက်အရ အမျိုးသား(၁၇၉၁)ယောက်နဲ့အမျိုးသမီး (၂၀၀၆)ယောက်တို့မှာ အရေပြားရောဂါဝေဒနာခံစားနေရတာဖြစ်ပြီး အသက်(၁၈) နှစ်အောက်အရွယ်တွေမှာ ...