ရေဘေးသင့်များအတွက် အရန်ဆန် တန်၁၀၀၀ကျော် လှူဒါန်းနေ
တိုင်းဒေသကြီး၄ခုက ရေဘေးသင့်ပြည်သူတွေအတွက် အရန်ဆန် တန်ချိန်၁၀၀၀ကျော်ကို ဒုတိယအကြိမ်အဖြစ် အခုအောက်တိုဘာလအတွင်းမှာ စတင်ဖြန့်ဝေလှူဒါန်းပေးနေပြီဖြစ်တယ်လို့ စိုက်ပျိုးရေးဦးစီးဌာန၊ စပါးသီးနှံဌာနခွဲကနေ သိရပါတယ်။ ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေက ရေဘေးသင့်ပြည်သူတွေကို အာဆီယံ+၃ အရေးပေါ်အရန်ဆန်ရိက္ခာအစီအစဉ်ကနေ ဒုတိယအကြိမ်မြောက် ဖြန့်ဝေလှူဒါန်းတာဖြစ်တယ်လို့ ဆိုပါတယ်။ ...