အယ်ဗာရက်ဇ်ကိုခေါ်ရန် တီကို သဘောတူညီမှုရ
စပိန်ကလပ် အက်သလက်တီကိုအသင်းဟာ မန်စီးတီးအသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး အယ်ဗာရက်ဇ်ကို ခေါ်ယူဖို့အတွက် သဘောတူညီမှုရခဲ့ပြီလို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ အယ်ဗာရက်ဇ်ဟာ မန်စီးတီးနည်းပြ ဂွာဒီယိုလာလက်ထက်မှာ ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် အသင်းကြီးနဲ့ကစားရတဲ့ ပွဲစဉ်တွေမှာ အရန်ခုံထိုင်ခဲ့ရတာကြောင့် မန်စီးတီးအသင်းကထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အက်သလက်တီကိုအသင်းဟာ အယ်ဗာရက်ဇ်ကို ...